Wednesday, September 5, 2018
Crack Software တွေသုံးတဲ့အခါ Antivirus ကဖျက်ဖျက်သွားလို့ စိတ်ညစ်နေလား 😢😢😢
Window 8, 10 defender Antivirus ပိတ်နည်း
==========
1. Window Key + r နိုပ်ပါ
2. Administrative Temp
3. Window Components
4. Window defender Antivirus
5. Turn off window defender Antivirus ကို double click နိုပ်ပါ
6. Enable ကို select ပေးပီး ok နိုပ်လိုက်ပါ
Antivirus ပိတ်ပီးရင် ကြိုက်တဲ့ software ကို အသုံးပြုနိုင်ပါသည်
အဆင်ပြေပါစေ 😃
#crd
Monday, September 3, 2018
စမတ်ဖုန်းတွေက ထွက်လာတဲ့ အပြာရောင်အလင်းက မျက်စိကွယ် နိုင်ခြေကို မြင့်တက်စေ
Ref : The Telegraph “How blue light from smartphones can speed up blindness”
Unicodeဖြင့်ဖတ်ရန်
သိပ္ပံဆိုင်ရာလေ့လာချက်တွေရဲ့ အဆိုအရ ကွန်ပျူတာနဲ့ စမတ်ဖုန်းတွေရဲ့ အလင်းရောင်ဟာ မျက်လုံးကို လျင်လျင်မြန်မြန် ပျက်စီးစေနိုင်တဲ့ အကြောင်းအရင်းတစ်ခု ဖြစ်နေပြီလို့ ဆိုပါတယ်။
အိုဟိုင်းယိုး (Ohio) မှာ ရှိတဲ့ တိုလီဒို တက္ကသိုလ် (Toledo University) ရဲ့ လေ့လာတွေ့ရှိမှုအရ
ဒစ်ဂျစ်တယ် လျှပ်စစ်ပစ္စည်းတွေကနေ ထွက်လာတဲ့ အပြာရောင် အလင်းတန်းဟာ ဓာတ်ပြောင်းလဲမှုတွေ ဖြစ်ပေါ်စေပြီး မျက်လုံးအတွင်းက အလင်းရောင်ကို အာရုံခံစားသိမြင်နိုင်တဲ့ ဆဲလ်တွေကို သေစေနိုင်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မျက်လုံးအတွင်းပိုင်း ကြွက်သားတွေကို မြန်မြန်ဆန်ဆန် ယိုယွင်းလာစေပြီး အမြင်အာရုံရဲ့ တချို့အခြေအနေတွေကို ဆိုးကျိုးသက်ရောက်မှုတွေ ရှိစေတဲ့ အခြေအနေတွေကို ဖြစ်ပေါ်စေနိုင်တာ ဖြစ်ပါတယ်။ လူ ရ ယောက်မှာ ၁ ယောက်လောက်ဟာ ဒီအခြေအနေတွေထဲက တချို့လက္ခဏာတွေ ခံစားရနိုင်ပြီး ဖြစ်နိုင်ချေက တစ်ဝက်လောက်ထိ ရှိနေတယ်လို့ လေ့လာမှုတွေအရ ကိုးကား ဖော်ပြထားပါတယ်။
တိုလီဒို တက္ကသိုလ်က ဒေါက်တာ အာဂျစ် ခါရူနရာသီ (Ajith Karunarathne) ကတော့ အပြာရောင် အလင်းတန်းတွေရဲ့ ဆက်တိုက်ထိတွေ့မှုတွေ ဖြစ်မယ်ဆို မျက်ကြည်လွှာနဲ့ မျက်လုံးတွေက အလင်းတန်းတွေကို ပိတ်ပင်တားဆီး မထားနိုင်တာကြောင့် ထိခိုက်မှုတွေ ပိုလို့ ကြီးမားလာမယ်လို့ ဆိုပါတယ်။
Link မ်ား
YS mobile Myanmar
https://vk.com/club170723586
Myanmar hot Model
https://vk.com/club170721504
လှ​တောသား - hlataw.com
https://vk.com/club170690886
Funny Page
https://vk.com/club170706848
Learning English
https://vk.com/wall-170689965_18
မာဃလုလင်​ပရဟိတ၀န်​​ဆောင်​မှုအဖွဲ့
https://vk.com/marghalulin
https://vk.com/marghalulinsince2012
https://vk.com/marghalulin2012
အိမ့်​သခင်
https://vk.com/club170785119
နည်းပညာလမ်းညွှန်
https://vk.com/wall-170725457_67
VK နည်းပညာ Myanmar
https://vk.com/vk_myanmar
ပြည်​မြန်​မာ
https://vk.com/pyimyanmarnews
Freetest Myanmar
https://vk.com/club170747185
Pes 2019 Group Myanmar
https://vk.com/club170751030
Myanmar Pyithar
https://vk.com/club170721812
Mobile Legend
https://vk.com/mlmyanmar
Linux Ningya
https://vk.com/mlmyanmar
Marble Future Fight(Game)
https://vk.com/mffmyanmar
Myanmar National Brotherhood
https://vk.com/club170714186
Infinity Myanmar
https://vk.com/club170731363
Online Library Myanmar
https://vk.com/club170721687
Myo Chit Myanmar Online Shopping
https://vk.com/club170739564
Ma Ba Tha
https://vk.com/ma_ba_tha
Meizu Myanmar User
https://vk.com/meizumyanmaruser
Frontier
https://vk.com/frontiermyanmar_mm
Myanmar hot Model
Myanmar IT
https://vk.com/myanmarit
New Of Myanmar
https://vk.com/newsofmm
Myanmar Android App
https://vk.com/myanmarandroidapp
Myanmar Music
https://vk.com/club170709204
Myanmar Music
https://vk.com/myanmarclub
Myanmar New
https://vk.com/club170695753
သတင်းစုံ Myanmar
https://vk.com/club170694851
Myanmar Daily New
https://vk.com/club170702689
Myanmar Subtitle Movie
https://vk.com/club170689784
Football Cafe
https://vk.com/club170766484
Man U Myanmar
https://vk.com/club170753312
Myanmar Daily Nwe
https://vk.com/myanmar_daily_news
Cele Myanmar
https://vk.com/club170692413
မြန်မာဇာတ်ကားနှင့်မြန်မာသီချင်း
https://vk.com/wall-170725405_11
Funny Page
https://vk.com/club170706848
Yangon Media Group
https://www.vk.com/yangonmediagroup
8days Web TV
https://vk.com/8dayswebtv
Sunday, September 2, 2018
ဖက်​ကြည့်​ပါ
Intel CPU Generation များအကြောင်း
-----------------------------------------
Laptop ပဲဖြစ်ဖြစ် Desktop ပဲဖြစ်ဖြစ်ဝယ်တော့မယ်ဆိုရင်
အခြေခံအနေနဲ့
CPU
GPU
RAM
ဒီ၃မျိုး ကောင်းရင် သင့် Laptop or Desktop က ကောင်းတယ်လို့သတ်မှတ်လို့ရပါတယ်။
ဒီထဲမှာမှ GPU မှာဆို Model တွေအများကြီးရှိမယ်
RAM မှာဆိုရင်လဲ 1GB 2GB စသည်တို့အပြင် DDR3 တို့ DDR4 တို့လဲရှိပါသေးတယ်။
အခုကျွန်တော်ပြောပြမှာက CPU Generation တွေနဲ့
အမျိုးအစားတွေဖြစ်ပါတယ်။
Computer တစ်လုံးမှာ CPU( Central Processing Unit) ဆိုတာ အဓိကကျပါတယ်
Computer တွေက လူရဲ့ခန္ဓာကိုယ်ကိုအခြေခံ အတုယူဖန်တီးထားတာဖြစ်တဲ့အတွက် CPU ဆိုတာ လူတွေအနေနဲ့ဆိုရင် နှလုံးနဲ့တူပါတယ်
Computer တစ်ခုလုံးရဲ့နှလုံးသားပေါ့ ဘယ်လောက်ထိအရေးကြီးတယ်ဆိုတာသိမှာပါ။
CPU တွေထဲမှာမှ Intel CPU တွေမှာဆိုရင်
တော်တော်များများအသုံးများတာ သိကြတာ က
Core i series ပါ i3 i5 i7 i9 လို့အလွယ်သိကြမှာပါ။
တစ်ချို့ လူတွေက ကိုယ့် CPU ရဲ့ Generation ကို မသိကြ မကြည့်တတ်ကြ ဒါမှမဟုတ် Generation က ဘယ်လိုအသုံးဝင်မှန်း မသိကြပါဘူး။
တစ်ချို့ တွေက i3 က အညံ့ဆုံး i5 ကအလယ်အလတ်
i7 ဆိုရင်အကောင်းဆုံး
i7 laptop ဆိုရင် ဘာလာလာအကုန်စွမ်းဆောင်နိုင်တယ်လို့ထင်တတ်ကြပါတယ်
ဒါတွေကိုအသုံးချပြီး တစ်ချို့ဆိုင်တွေ ပေ့ခ်ျတွေက ဂျင်းထည့်ပြီး ရောင်းတာတွေလဲရှိပါတယ်။
ကိုယ့် CPU က i3/i5/i7 ဘာပဲဖြစ်ဖြစ် အရေးကြီးဆုံးက Generation ပါ i7 ဖြစ်ပြီး First Generation ဖြစ်နေရင်လဲ ဘာမှသုံးစားလို့ရမှာမဟုတ်ပါဘူး
ပြောရင်းလိုရင်းမရောက်တော့ဘူး
ဟုတ်ကဲ့ CPU Generation ကြည့်နည်းကိုပြောပြချင်တာပါ
Keyboard က Window+Pause Break ခလုပ် ဒါမှမဟုတ် My Computer (Window 8/10 ဆိုရင် This PC) ကို Right Click/Properties ကိုနှိပ်လိုက်ရင် Computer ရဲ့ System ဖေါ်ပြချက်တွေပေါ်လာတာတွေ့မှာပါ။
အဲ့မှာ ကိုယ့်စက်ရဲ့ CPU လဲပါပါတယ်
CPU က ဥပမာ i5-620 တို့ i7-870 တို့ဆိုရင် 1st Generation တစ်နည်း First Generation လို့သတ်မှတ်ပါတယ် အလွယ်မှတ်ချင်ရင် Number 3 လုံးကနေ 2000 မပြည့်မချင်း First Generation ပါ။
နောက် 2000 ကနေ 3000 မပြည့်မချင်း Second Generation
3000 ကနေ့ 4000 မပြည့်ခင်ထိ Third Generation
4000 ကနေ 5000 မပြည့်ခင်ထိ Fourth Generation
အဲ့လို အလွယ်မှတ်ထားလို့ရပါတယ်။
ဒါပေမယ့် Generation တွေမှာမှ ထပ်ပြီး မျိုးကွဲတွေရှိပါသေးတယ်
ဥပမာ ကျွန်တော့် PC ရဲ့ CPU ဆို i3-6100 ပါ Speed က 3.7GHz ထိထွက်ပါတယ်။
ဒါပေမယ့် i3 six gen ချင်းအတူတူ i3-6100u ကတော့ 2.3Ghz ပဲ ထွက်ပါတယ်။
Price နှစ်ခုယှဉ်မယ်ဆို 6100 နဲ့ 6100u မှာ 6100u ကပိုဈေးကြီးပါတယ် ဒေါ်လာ ၂၀၀နီးနီး ကွာတာပါ
ဒါဆို ဈေးကြီးတဲ့ 6100u က ဘာလို့ 6100 ထက် စွမ်းဆောင်ရည်နိမ့်နေရတာလဲ?
ဘာဖြစ်လို့လဲဆိုတော့ U ဆိုတာက Ultra Low Power တစ်နည်း Power သုံးဆွဲမှု အရမ်းနည်းပါတယ်
6100 နဲ့ယှဉ်ရင် ၁၀ဆ တစ်ဆ လောက်ကို ကွာပါတယ် ပြီးတော့ ပြုလုပ်ရတာလဲ ရိုးရိုး 6100 ထက် ခက်ပါတယ် ဒါကြောင့် သူက ဈေးကြီးနေတာပါ
U version တွေက အများအားဖြင့် Laptop တွေမှာပဲ အသုံးများပါတယ်။
အောက်မှာ CPU Generation တွေရဲ့ အနောက်ကပါတဲ့ဟာတွေကို
ဖော်ပြပေးလိုက်ပါတယ်။
C – Desktop processor based on the LGA 1150 package with high performance graphics
H – High performance graphics
K – Unlocked
M – Mobile
Q – Quad-core
R – Desktop processor based on BGA1364 (mobile) package with high performance graphics
S – Performance-optimized lifestyle
T – Power-optimized lifestyle
U – Ultra-low power
X – Extreme edition
Y – Extremely low power
ကျွန်တော်ပြောခဲ့တာ U version တစ်ခုပဲရှိပါသေးတယ်
ကျန်တဲ့ C,H,M,K,Q စတဲ့ဟာတွေရဲ့ အဓိပ္ပါယ် အသုံးဝင်ပုံ တွေကို နောက် အချိန်ရရင် တင်ပေးပါ့မယ်။
ကျွန်တော့် Post က တစ်ကယ်သိတဲ့သူတွေအတွက် အရမ်းလွယ်တဲ့အရာလေးတွေပါ။
ကျွန်တော်ကိုယ်တိုင်လဲ လေ့လာနေဆဲ Beginner တစ်ယောက်ပါ
Computer ကို အခုမှစကိုင်တဲ့သူတွေအတွက်
ဗဟုသုတ အနေနဲ့တင်ပေးလိုက်ခြင်းဖြစ်ပါတယ်
Friday, August 17, 2018
                       ကွန်ပျူတာအခြေခံပြဿနာများ ကိုယ်တိုင်ဖြေရှင်းနည်း👨💻
CBox က သူငယ်ချင်းတစ်ယောက်မေးထားလို့ပြန်လည်မျှဝေပေးလိုက်ပါတယ်
1. Software ဖွင့်လို့ မရခြင်း
2. မြန်မာစာမမှန်တာ
3. Taskbar မှာIcon ပျောက်သွားခြင်း
4. Location is not available ကို ဖြေရှင်းနည်း
5. Wifi ချိတ်လို့ မရခြင်း
6. Driver ကြည့်နည်း
7. Windows တက်တာ ကြာနေခြင်း
8.Desktop ပေါ်ကစာတွေ Font Size ကြီးမယ်
1. Software ဖွင့်လို့ မရခြင်း
Software တစ်ခုကိုဖွင့်လိုက်ရင် တစ်ချို့ ကျတော့ Error message box တက်လာတယ်။ တစ်ချို့ ကျတော့ ဘာအရိပ်အရောင်မှမပြဘူး။ အပြာရောင်အဝိုင်းလေးခဏ လည်ပြီး ဘာမှဆက်မဖြစ်တော့ဘူး။ ဒီလိုပြဿနာဖြစ်နိုင်ခြေများစွာရှိပါတယ်။ ကိုယ် install လုပ်မယ့်ဆော့ဝဲလ်က ကိုယ့်စက်နဲ့ ကိုက်မကိုက်၊ အရင်ကြည့်ပါ။ ဘယ်လိုကြည့်ရမလဲ မေးစရာဖြစ်လာပြန်ပြီ။ ကိုယ့်စက် system information ကို တစ်ချက်ရှိုးကြည့်လိုက်ပါ။ ဘယ်လိုကြည့်မှာလဲ။ Windows key နဲ့ Pause Break key ကိုတွဲနှိပ်၊ This PC/My Computer ကို right click အောက်ဆုံးက properties ကိုနှိပ်၊ နောက်တစ်နည်းကတော့ (ဟ system information လေးကြည့်ဖို့ ကို နည်းတွေ များလှချည်လားဟ) Run box ကနေဆိုရင် မေးစရာဖြစ်လာပြန်ပြီ Run box ဘယ်လိုဖွင့်ရမလဲ။ Windows key နဲ့ R ကိုတွဲနှိပ်၊ Search box မှာ Run လို့ ရိုက်ရှာကြည့်။ Run box မှာ (msinfo32) ကိုရိုက်ထည့်၊ Search box မှာ System informaton လို့ ရိုက်ရှာလိုက်ရင်ကော??? ရပါတယ်။ နောက်တစ်နည်း Run box မှာပဲ (dxdiag) ရိုက်ထည့်ရင်ကောရတယ်။ Cmd သမားဆိုရင် (systeminfo) လို့ ရိုက်ထည့်လိုက်ပါ။ တစ်ခြားနည်းတွေလည်း ရှိသေးတယ်။ ကိုယ်ဖွင့်တတ်သလိုဖွင့်ပြီး 32 bit or 64 bit လားစစ်ကြည့်ပါ။ ဆော့ဝဲလ်ကကော 32 bit or 64 bit လားစစ်ကြည့်ပါ။ 32 bit software ကို 64 bit မှာ install လုပ်လို့ ရပေမယ့် 64 bit ကို 32 bit မှာ လုပ်ရင် မရဘူးနော်။ ဟုတ်ပါပြီ၊ ကိုယ့်စက်က install လုပ်မယ့် software အတွက် သင့်တော်တယ်ဆိုရင် (.exe) ကို Run as admin နဲ့ ဖွင့်ပါ။ အဲ့ဒီမှာ install လုပ်နေရင်း Error box တွေတက်လာရင် ဖတ်လိုက်ပါ။ ဘာ Error လဲဆိုတာ။ Installation files တွေ မစုံတာလား၊ Dll files တွေ missing ဖြစ်နေတာလား။ This app can't open ဖြစ်နေတာလား။ ဖွင့်လိုက်ရင် အပြာရောင်အဝိုင်းလေးပဲ လည်နေပြီး နိတ္ထိဓံဖြစ်သွားတာလား။ File မစုံရင် စုတဲ့ software နဲ့ install လုပ်၊ dll file တွေ missing ဖြစ်နေရင် ဆော့ဝဲလ် icon ကို Right click\ open file location (shortcut location မဟုတ်) ကို ဝင်ပါ။ ဆော့ဝဲလ် installer ထဲက ဖိုင်တွေကို ကူးပြီး ခုနက location မှာ ချပေးလိုက်ပါ။ အဲ့တာမှ မရသေးရင် (setup.exe) ကို right click နှိပ်၊ properties\ Tools\ compatibility အောက်က (Run this program in compatibilty mode for) မှာ အမှန်ခြစ်ခြစ်ပြီး တစ်ခြား windows os(7,8,10) စသည်ဖြင့်ရွေးပြီး စမ်းကြည့်ပါဦး။ လိုင်စင်နဲ့ ဝယ်သုံးရတဲ့ Office 365 ကိုတော့ Setup.exe ကို run လို့ မရဘူးနော်။ Cmd ကနေ install လုပ်ရတာ။ Install လုပ်လို့ မရသေးဘူးလား။ အကုန်လုံး ဖိုင်တွေပါမကျန်uninstall လုပ်ပြီး ပြန် install လုပ်လိုက်ပါ။
2. မြန်မာစာမမှန်တာ
ဘယ်မှာ မမှန်တာလား။ browser မှာလား။ Desktop မှာလား၊ Mircrosoftw app မှာလား။ ကွန်ပျူတာ system မှာလား။ မြန်မာဇော်ဂျီဖောင့်၊ယူနီကုတ်ဖောင့်တွေကော ထည့်ထားရဲ့ လား။ ထည့်ရဲသားမမှန်သေးဘူးလား။ Run box မှာ Fonts လို့ ရိုက်ထည့်လိုက်ပါဦး။ အဲ့မှာ စက်ထဲမှာရှိသမျှဖောင့်တွေ လိုတာတွေကော၊မလိုတာတွေကော သူများ ထည့်ပေးလို့ ထည့်ထားရတာတွေ အကုန်တွေ့ ရမယ်။ Zawgyi font က မြိန်နေသလား။ ဒါဆိုရင် Right click နှိပ်၊ Show ကို နှိပ်လိုက်ပါ။ပြန်ကြည့်ကြည့် မြိန်နေတာ ပျောက်သွားပြီလား။ Zawgyi Keyboard ကော ထည့်ထားပြီလား။ Control Panel\All Control Panel Items\Language အောက်မှာ zawgyi keyboard ကို ထည့်ထားပြီလား။ အဲ့ဒီမှာ input default keyboard မှာ English(US) ကို ထားပါ။ မဟုတ်ရင် ဘာရိုက်ရိုက် မြန်မာလိုပဲပေါ်နေမယ်။ Chrome browser မှာ မမှန်ရင် chrome setting ကိုဝင်၊ search setting မှာ fonts လို့ ရိုက်ရှာ၊ အကုန်လုံး zawgyi ကိုရွေး၊ Firefox မှာဆိုရင် options ဝင်၊ Find in options မှာ font ရိုက်ရှာ zawgyi ရွေး၊ ယူနီကုတ်မရရင်၊ Alt + Shift နဲ့ ပြောင်းကြည့်ပါ။ မရရင် Language အောက်က advanced မှာ ယူနီကုတ်ကို shortcut key သတ်မှတ်ပေးပါ။ Mircrosoftw app မှာတော့ ဇော်ဂျီဖောင့်မရပါဘူး။ ယူနီကုတ်ပဲ မြန်မာစာမှန်မှာပါ။ အပေါ်ကအကုန်လုပ်ပြီးပြီ မရသေးဘူးဆိုရင် မြန်မာစာမှန်အောင်ပြောင်းပေးတဲ့ software တွေရှိတယ်။ FB Search box မှာ မြန်မာ ဖောင့်လို့ 
ရိုက်ရှာဒေါင်းပြီး သုံးပါ။ Registry မှာ သွားပြင်ရတာတော့ မရေးတော့ဘူး။
3. Taskbar မှာIcon ပျောက်သွားခြင်း
Windows 10 ဆိုရင် Settings\Personalization\Taskbar\Notification Area\Select which icons appear on the taskbar နဲ့  Turn system icons on or off ကိုဝင်ပြီး On လုပ်ထားပါ။ ဘာမှမလုပ်ပဲ စက်ကို restart ချပေးလိုက်ရင်လည်း ပြန်တက်လာတတ်တယ်။ Windows 7 ဆိုရင် Personalization\Taskbar and start munu properties\Notification area အောက်က Customize ကိုနှိပ်ဝင်၊ ပေါ်စေချင်တကို Show icon and notifications ကိုရွေးပေးပါ။ အောက်ဆုံးမှာ Turn
system icons on or off ကို ပြန်ဝင် ပေါ်စေချင်တာ On လုပ်ထားပါ။
4. Location is not available ကို ဖြေရှင်းနည်း
Windows တင်တင်ပြီးချင်း desktop ပေါ်မှာ right click နှိပ်လိုက်ရင် Location is not available လို့  Error message box တက်လာတတ်ပါတယ်။ Windows တင်တုန်းက User account မလုပ်ခဲ့လို့ built-in ပါတဲ့ admin account နဲ့ သုံးနေရင် ဖြစ်တတ်ပါတယ်။ အဲ့တာကြောင့် admin account တစ်ခုဖွင့်ပြီးသုံးပါတယ်။ ဒါမှမဟုတ် နောက်ဖြစ်နိုင်တာတစ်ခုက Explorer ကိုဖွင့်ပါ။ ဘယ်ဘက်ဘေးမှာ Computer or This PC အောက်က Desktop ကို Right click နှိပ်၊ preperties ကိုနှိပ်၊ Shortcut tab ရဲ့ အောက်က Target မှာ မိမိလက်ရှိသုံးနေတဲ့ user account name ဥပမာ-(C:\users\mgmg\desktop) ဖြစ်အောင်ထားလိုက်ပါ။ ဆော့ဝဲလ်ထည့်ပြီး ဖြေရှင်းလို့ လည်းရတယ်။
5. Wifi ချိတ်လို့ မရခြင်း
လက်တော့ပ်အတွက်တော့လွယ်ပါတယ်။ ဖုန်းကနေ hotsport လွင့်ပါ။ လက်တော့ပ်မှာ wifi icon ကိုနှိပ်။ မိမိ wifi ကိုရှာ၊ ချိတ်၊ password ထည့်၊ ဘာခက်တာမှတ်လို့ ။ Desktop ဆိုရင် Wireless adapter ဝယ်တပ်၊ wifi ရှာချိတ်။ မခက်ဘူးနော်။ အင်တာနက်ချိတ်နေပြီးlimited access ဖြစ်နေရင် Cmd or Run box မှာ (ipconfig /all, ipconfig /release, ipconfig /renew) လုပ်ကြည့်ပါ။ Wireless stauts ထဲဝင်ပြီး IP ကို static ip ပေးထားကြည့်ပါ။ Static ip ပေးထားရင် ဖြုတ်ပြီး automatically ကိုရွေးပေးလိုက်ပါ။ Network connection ကို disable, enable လုပ်ကြည့်ပါ။ အခုဒီစာဖတ်နေတဲ့သူက networking သမားဆိုရင် ဘယ်လိုလုပ်လိုက်ရင် အဆင်ပြေနိုင်တာ သင်သိမှာပါ။
6. Driver ကြည့်နည်း
Windows တင်ပြီးရင် driver တွေ ထည့်ပေးရမယ်။(ကားမောင်းသမားမဟုတ်ပါ။) ဘာကြောင့် driver ထည့်ပေးရသလဲဆိုတော့ သူ့ ဆိုင်ရာဆိုင်ရာ program တွေ အလုပ်လုပ်နိုင်ဖို့ ၊ သိရှိစေနိုင်ဖို့ ထည့်ရမယ်။ ဥပမာဆိုပါစို့ ။ လက်တော့မှာ အင်တာနက်ချိတ်ချင်တယ်။ ဒါပေမယ့် network card, wireless driver တွေ မရှိသေးဘူးဆိုရင် wifi icon က အနီရောင်ကြက်ခြေခတ်ဖြစ်နေမှာပါ။ ကွန်ပျူတာမှာ အင်တာနက်ကိုသိတဲ့ ကြားခံကိရိယာ driver မရှိသေးလို့ ပါ။ ဘယ်လို driver ကို install လုပ်ရမလဲ။ စက် motherboard ရဲ့ မှုရင်း driver ကို install လုပ်ပါ။ မှုရင်း driver ခွေမရှိတော့ရင် motherboard model ကြည့်ရှာဒေါင်းလိုက်ပါ။ တစ်ခြား driver တွေထည့်ရင် အခုလောလောဆယ်သုံးရင် ဘာမှမဖြစ်ပေမယ့် ကြာလာရင် Error တက်တတ်ပါတယ်။ ကွန်ပျူတာမှာ program အားလုံး အလုပ်လုပ်နိုင်ဖို့ သူ့ ဆိုင်ရာဆိုင်ရာ driver တွေရှိတယ်နော်။ Driver စုံ၊မစုံဘယ်လို ကြည့်မလဲ။ Run box ဖွင့်လိုက်ပါ။ (devmgmt.msc) ရိုက်ထည့်ပြီး ဘယ်driverတွေ မရှိသေးတာလဲစစ်ကြည့်ပါ။ Driver မသိရင် အဝါရောင်ပုံနဲ့ ပေါ်နေမှာပါ။ အင်တာနက်ချိတ်ထားရင် အဲ့ဒီ မသိတဲ့ driver ကို right click နှိပ်ပြီး update, disable, uninstall စတာတွေ manage လုပ်နိုင်တယ်။
7. Windows တက်တာ ကြာနေခြင်း
Desktop ဆိုရင် ဖုန်မှုတ်သန့် ရှင်းအရင်လုပ်ပေးလိုက်ပါ။ RAM,HDD,SATA ကြိုးတွေ ဖြုတ်တပ်ပေးလိုက်ပါ။ Task Manager ဖွင့်ပြီး Startup အောက်ကဟာတွေကို Disable လုပ်ထားလိုက်ပါ။ Run box မှာ (shell:startup) လို့ ရိုက်ထည့်ပြီး အဲ့မှာ ရှိတာအကုန် delete လုပ်လိုက်ပါ။ မလိုတဲ့ ဆော့ဝဲလ်တွေကို ဖြုတ်ပါ။ ကိုယ်ကစက်ကို သန့် ရှင်းရေးလုပ်နိုင်ရင် လုပ်သလောက်စက်ကလည်း မြန်ဆန်လာမှာပါ။
8.Desktop ပေါ်ကစာတွေ Font Size ကြီးမယ်
Windows 10 သုံးရင် all settings\system\display\ scale and layout အောက်က change the size of text, apps and other items မှာ 125 % ကိုရွေးပေးလိုက်ပါ။ Desktop ပေါ်က Icon,စာလုံးတွေကြီးလာမယ်။ Windows 7 သမားတွေက personalization\display မှာ medium 125% ကိုရွေးပြီး စက်ကို Restart ချလိုက်ပါ။ Set custom text size မှာလည်း ကြိုက်တဲ့ size ကို ရွေးပါ။ Registry ထဲဝင်ပြီး ပြောင်းနည်တွေလည်းရှိပါသေးတယ်။ အလွယ်ကူဆုံးကိုယ်တိုင်ပြဿနာဖြေရှင်းနည်းကတော့ google မှာ ရှာပါ။ Youtube မှာ ကြည့်ပြီးလုပ်ကြည့်ပါ။ နည်းပညာပို့ စ်တွေကို များများဖတ်ပြီးဖြေရှင်းပါ။
Crd::အောင်သူရဝင်း(NetComplus )
အဆင်ပြေပါစေ..ခင်ဗျာ